ကျိုက်လတ် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း Youth Club အဖွဲ့၊ စာဖတ်ပရိသတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်း ကို ယနေ့ နေ့လယ် (၁၂ )နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင်ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးတွင် သရဝဏ်(ပြည်) ရေးသားသည့် လူငယ်နှင့် ဘဝရည်မှန်းချက် ပန်းတိုင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ရာ Youth Club အဖွဲ့ဝင် ဦးဥက္ကာကျော်က လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်၊ ဦးလှိုင်မင်းအောင်က လူငယ်နှင့်စာပေ ဆောင်းပါးများ အကြောင်း အသီးသီး ဖတ်ရှုဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များမှ ဆောင်းပါးများပါ အကြောင်းအရာများအား ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်
မြို့နယ်( ပြန်/ဆက်)