ကျောက်ဆည် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများလူနေမှုအဆင့်မြင့်မားစေရေး အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ (၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများဆောင်ရွာတွင် ကျေးရွာတစ်ရွာလျင် ကုန်ကျငွေ (၁,၅၈၆၉,၀၀၀)ကျပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်တော်သာကျေးရွာအုပ်စု၊ ပေါင်လောင်ကျေးရွာ၌ အရှည် (၄၀၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ကျီးပြကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာ၌ အရှည်(၅၀၀)ပေ၊ အကျယ်(၁၃)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း၊ ကလိုင်ကျော်ကျေးရွာ အုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ အရှည်(၂၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရဲဘော်ကြီးကျေးရွာအုပ်စု၊ သပြေဝန်းကျေးရွတွင် အရှည်(၄၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများပြီးစီးပါက ပေါင်လောင်ကျေးရွာမှ အိမ်ခြေ(၂၀၇)အိမ်၊ လူဦးရေ(၁၁၃၈)ဦး၊ ရွာသာအေးကျေးရွာရှိ အိမ်ခြေ (၁၃၁)အိမ်၊ လူဦးရေ(၅၄၈)ဦး၊ ကျောင်းကုန်း ကျေးရွာမှ အိမ်ခြေ(၈၇)အိမ်၊ လူဦးရေ(၄၅၅)ဦးနှင့် သပြေဝန်းကျေးရွာမှ အိမ်ခြေ(၂၈၅)အိမ်၊ လူဦးရေ(၁၄၀၆)ဦးတို့၏ သွားလာရေးလုပ်ငန်းများတွင် အဆင်ပြေသွားမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး လုပ်ငန်းများ အတွက် ပိုမိုတိုးတက်ကောင်းမွန်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)