အောင်လံ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြည်သူများသိရှိ၍ ဗဟုသုတ ရရှိစေရန်အတွက် ရုံးတွင်းနှင့်ရုံးပြင် မြေစိုက်နံရံကပ်ဘုတ်တွင် ပြ သဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ ဆောင်ရွက်နေသည့် မှတ်တမ်း ဓာတ်ပုံများအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိနိုင်စေရန် ရည်ရွယ်၍ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါသည့် ဆောင်ရွက်ချက် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများကို ပြသဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်ဇင်မင်းမောင်(ပြန်/ဆက်)