ကျောက်တလုံးကြီးမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့်ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခန့်က စာရေးဆရာပီတိ(ပေကြီး) ၏ “ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိ အခြေခံသိစရာများ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပပြု လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာပီတိ (ပေကြီး) ၏ “ပြည်သူတွေကို သိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ’’ စာအုပ်ပါ အကြောင်းအရာများကို မြိုနယ်ဦးစီးမှူး ဒေါ်မြဝင်းနှင့် ကျောက်တလုံးကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဒေါ်နန်းစွဲ၊ နန်းအုပ်ခမ်း ၊နန်းယံချောနှင့် နန်းအွန်ခမ်းတို့က ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ် သည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတရရှိစေရန် စာဖတ်သူအချင်းချင်းရင်းနှီးမှုရရှိစေရန်၊ စာပေချစ်သူများ အပြန်အလှန် ဆွေးနွေး တတ်စေရန် ရည်ရွယ်၍ စာရေးဆရာပီတိ(ပေကြီး)၏ “ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိအခြေခံသိစရာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝင်း(ကျောက်တလုံးကြီး)