သတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကျင်းပ
Dec 20,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မျက်ခင်းပြင်၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြား
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်မှ ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်ပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲချိန်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရ သည်။
မြောင်းမြခရိုင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပြသထားရှိ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိ ပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု အသိပညာပေးစာစောင်များနှင့် ဓာတ်ပုံများကို နံရံကပ်ပြဘုတ်တွင် လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ခရိုင်ရုံး Community Centre ခန်းမ၌ ယမန်နေ့ နံနက်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထား ရှိကြောင်း သိရသည်။
မြောင်းမြခရိုင် Community Centre တွင် English Basic Class (4 Skills) သင်တန်း ဖွင့်လှစ်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော English Basic Class(4 Skills) သင်တန်းကို ယနေ့ နေ့လယ် (၃)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ဝါးခယ်မမြို့နယ်တွင်မြို့သန့်ရှင်းသာယာလှပရေးအတွက် (Green City, Clean City, Smart City) နှင့်အညီဆောင်ရွက်ထားမှုများအားညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့လာရောက်စစ်ဆေး
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းသာယာ ပြီး စိမ်းလန်းစိုပြေသောမြို့အင်္ဂါရပ် (Green City, Clean City, Smart City)နှင့်အညီ ဆောင်ရွက်ထားမှု အခြေ အနေများအား ယနေ့နံနက်(၉)နာရီကညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး နှင့်အဖွဲ့ ကလာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
နွားထိုးကြီးမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး Led board မော်တော်ယာဉ်ဖြင့်လှည်လည်၍ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Dec 20,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ယနေ့နံနက် ၁၁ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံ ချက်အသိပညာပေး Led board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ခဲ့ပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk show) ဆွေးနွေးပွဲကျင်းပ
Dec 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk show) ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်၊ ကျောက်မတ္တပ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်
Dec 20,2021
တနင်္သတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် ကျောက်မတ္တပ်ကျေးရွာ မူလတန်းလွန် ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။