သတင်းများ

တံတားဦးမြို့နယ်၌ ဧရာမင်းမိုးစပါး စံကွက်ရိတ်သိမ်း
Dec 20,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မိုးပါးတစ်ဧက ထွက်နှုန်းတိုးတက်ရေးအတွက် တံတားဦးမြို့နယ် ပြူကန်ကျေးရွာ တောင်သူဦးကျော်မင်း၏ ဧရာမင်းမိုးစပါးစိုက်ကွင်း၌ ယနေ့မွန်းလွဲ (၁) နာရီက စံကွက်ရိတ် သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ကြ ကြောင်းသိရသည်။
ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွှန်ရောဂါ ကြိုတင်ကာကွယ်ရေး မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် နှိုးဆော်
Dec 20,2021
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများ၌ မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော် ပေးလျက်ရှိသည်။
ကျေးရွာရှိပြည်သူများထံသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး
Dec 20,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်ပိုင်းက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဘန်းကန် ကျေးရွာရှိ ဒေသခံပြည်သူများထံသို့ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
မုဒုံမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား မြေစိုက်နံရံကပ် ပြဘုတ် ပြသဆောင်ရွက်
Dec 20,2021
မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့မြေ စိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီက ပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ပြသဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ
Dec 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်းရှိ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက်ပိုင်းက ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ မှုခံယူကြသည့် လူနာများအား သွားရောက်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများကွင်း ဆင်းကြည့်ရှု စစ်ဆေး
Dec 20,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရသွင်ကိုကိုတို့သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့များနှင့်အတူ ဒီဇင်ဘာလ ၁၉ရက် နံနက် ၉နာရီခွဲအချိန်က ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူ နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား သွားရောက်တွေ့ဆုံကာ အားပေးစကား ပြောကြား ခြင်း၊ ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းများဆောင်ရွက်ကြပြီး ဆေးရုံကြီးအတွင်း တည်ဆောက်ထား ရှိသည့် အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ်ထုတ်လုပ်ပေး နိုင်မှုအခြေအနေများကြည့်ရှုစစ် ဆေးခြင်း၊အရေးပေါ်လူနာကု သဆောင်များ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာသီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသ ဆောင်နှင့် CCTV တပ်ဆင် ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။
သံဖြူဇရပ်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ မှတ်တမ်းဓါတ်ပုံများ ပြသပေး
Dec 20,2021
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု မှတ်တမ်းဓါတ်ပုံများ၊ နေ့ထူးနေ့မြတ်နှင့် ဆိုင်သည့် အကြောင်းအရာများကို လစဉ်ပြသ ပေးလျက်ရှိသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပြသပေးထားကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြန်မာ-ပိုးကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးနှိုးဆော်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များသို့ မြန်မာ-ပိုးကရင်ဘာသာ စကားနှစ်မျိုးဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်းသိရသည်။