လောင်းလုံးမြို့နယ်၊ ကျောက်မတ္တပ်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်

လောင်းလုံး  ဒီဇင်ဘာ  ၂၀

တနင်္သတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပန်းခင်း စီမံချက်ဖြင့် ကျောက်မတ္တပ်ကျေးရွာ မူလတန်းလွန် ကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို ကွင်းဆင်း၍ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ကျောက်မတ္တပ် ကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက် (၁၀) နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၉၉) ဦးတို့အား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ကို  ရပ်ကွက်/ကျေးရွာ များအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)