ဖောင်းပြင်မြို့နယ်၌ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပင်သာ- နောင်ဖလန်- ကောက်စားလမ်းမပေါ် ၌ ကန်ကရစ်တံတား အရှည် ၅၀ပေ၊ အကျယ် ၂၀ပေအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၁၁၃ ဒသမ ၂၄၄) သန်းဖြင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာက ၂၁-၁-၂၀၂၁ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း အဆိုပါဌာနမှသိရသည်။