နွားထိုးကြီး ဒီဇင်ဘာ ၂၀
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ယနေ့နံနက် ၁၁ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံ ချက်အသိပညာပေး Led board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ခဲ့ပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ် စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊မြင်းခြံခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြတ်ဆွေနှင့်ဝ န်ထမ်းများ၊ နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့မှုး ယာယီရဲမှူး မင်းဆွေနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဝင်နိုင်နှင့် ဝန်ထမ်းများပူးပေါင်း၍ မန္တလေး တိုင်းဒေသကြီး ဦစီမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက် အသိပညာပေး Led board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် လှည့်လည်အသိပညာပေး ခြင်းများဆောင်ရွက်ခဲ့ပြီး လူစည် ကားရာ နေရာများဖြစ်သည့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးရှေ့၊မြို့ နယ်ထွေအုပ်ရုံးရှေ့၊ စည်ပင်သာဈေးရှေ့၊ နန္ဒဝင်ပန်းခြံရှေ့၊ ရွှေစင်္ကြာကားဂိတ်ရှေ့တို့တွင် ပန်းခင်း စီမံချက်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်