မိုင်းဆတ်မြို့၌ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk show) ဆွေးနွေးပွဲကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေး (Talk show) ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သင်းသပြေခင်က မသန်စွမ်း သူများ ပြုစုစောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးရာ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သောင်းသောင်းအေးက မသန်စွမ်းမှုအမျိုးအစားကို အမြင်အာရုံချို့ယွင်းမှု၊ အကြားအာရုံ ချို့ယွင်းမှု၊ ကိုယ်အင်္ဂါမသန်စွမ်းမှု၊ ဉာဏ်ရည် မသန်စွမ်းမှုဆိုပြီး (၄) မျိုးသတ်မှတ်ထားကြောင်း၊  မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာကို ရန်ကုန်မှာဖွင့်လှစ်ထားကြောင်း၊ ရပ်ရွာအခြေပြု မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးအနေဖြင့် မသန်စွမ်းဂေဟာ(၁၁)ခုရှိကြောင်း၊ ၎င်းဂေဟာများကို လူမှုဝန်ထမ်းဦးစီး ဌာနမှ နည်းပညာပေးခြင်းနှင့် နှစ်စဉ်ထောက်ပံ့ကြေး ငွေထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်လျက်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)