သတင်းများ

တပ်ကုန်းမြို့နယ်၌ ကျေးလက်လူငယ်များ အလုပ်အကိုင်ရရှိရေး အခြေခံစာရင်းရေး၊ စာရင်းကိုင် သင်တန်းဖွင့်လှစ်
Dec 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်စံပြ ကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက ဦးဆောင်ဖွင့်လှစ်သည့် အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းကို ယနေနံနက် ၉ နာရီက ကျန်းမာရေး ညွှန်ချက်များနှင့်အညီ အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီး(တ)ကျောင်းတွင် ကျင်းပသည်။
မတ္တရာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး
Dec 20,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်က မြို့နယ်အားကစားရုံတွင် ဆက်လက် ထိုးနှံပေးခဲ့သည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး သတိပြု ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron)ရောဂါပိုး သတိပြု ကြိုတင်ကာကွယ်နိုင် စေရေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ရပ်ကွက်များ အတွင်း ဆောင်ရွက်ခဲ့သည်။
တောင်ကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ
Dec 20,2021
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူလူငယ်များနှင့် ပူးပေါင်း၍ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများ အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း" စာအုပ်မှ စာရေးဆရာ မြင့်စိုးလှိုင်ရေးသားသည့် စာအုပ်စာပေထဲက အကျင့်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဖော်ဆောင်မှု မှတ်တမ်း ဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 20,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ် တွင်ပြသ
Dec 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက် ချက် မှတ်တမ်းဓာတ်ပုံများကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ဟိုပုံး) ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထား‌ ကြောင်း သိရသည်။
မတ္တရာမြို့နယ် သုံးဆယ်ပေးကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေး
Dec 20,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် သုံးဆယ်ပေးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲများပြုလုပ်
Dec 20,2021
မွန်ပြည်နယ် ရေးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲ များကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပခဲ့သည်။