ဝါးခယ်မ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်မြို့ပေါ်ရပ်ကွက်များတွင် သန့်ရှင်းသာယာ ပြီး စိမ်းလန်းစိုပြေသောမြို့အင်္ဂါရပ် (Green City, Clean City, Smart City)နှင့်အညီ ဆောင်ရွက်ထားမှု အခြေ အနေများအား ယနေ့နံနက်(၉)နာရီကညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး နှင့်အဖွဲ့ ကလာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ထော်ကနွတ်ရပ်ကွက် မြို့ဝင်ဆိုင်းဘုတ်နှင့် မြို့ဝင်လမ်း၊ ရွာလယ်ရပ်ကွက် မြို့ရှောင်လမ်း၊ ဆေးရုံရပ်ကွက်၊ ရေကျော်ရပ်ကွက်နှင့် သံကြိုးတိုင်ရပ်ကွက် မြူရုံးလမ်းတစ်လျှောက် ခြံစည်းရိုး၊ ရေမြောင်းနှင့် အမှိုက်ခြင်းများ၊ စာရေးကုန်းရပ်ကွက်၊ မြူရုံးလမ်း၊ မြို့နယ်စည်ပင်သာယာ ရုံးအနီး အားကစားပစ္စည်းများနှင့်ရေမြောင်းများ၊ ဈေးရပ်ကွက်၊ ဘုရားကြီးလမ်းရှိ ဗိုလ်ချုပ်ပန်းခြံနှင့် လမ်းလယ်ကျွန်းတို့အား သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားသည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းစွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာပြီးစိမ်းလန်းစိုပြေသော မြို့အင်္ဂါရပ်(Green City, Clean City, Smart City)နှင့်အညီ အကောင်းဆုံးဆောင်ရွက်နိုင်သောမြို့များကိုဆုချီးမြှင့်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ အထက်ပါအတိုင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ မန်းထွန်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် တာဝန်ရှိသူမျာကမြို့ပါ်ရပ်ကွက်များတွင်သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုအခြေအနေများကိုလိုက်လံရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
စောသန္တာဦး