မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြား

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်မှ ညောင်ဦးခရိုင်နှင့် ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်ပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲချိန်က ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရ သည်။

အခမ်းအနားတွင် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ လမ်းညွှန် အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို တင်ပြကြရာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာ စကားပြော ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်၊  ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင် (ပြန်/ဆက်)