သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အအထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက လွတ်လပ်ရေး၏ တန်ဖိုးနှင့်လွတ်လပ်ရေးအား ထိန်းသိမ်းတတ်စေရန်၊ လူငယ်များ အစဉ်ထာဝရမမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ဘူတာကျေးရွာရှိ အိမ်ထောင်စု (၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းနှင့် မေတ္တာမီး အိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်က နတ်​မောက်မြို့နယ်၊ နကျားထူးကျေးရွာအုပ်စု၊ ဘူတာကျေးရွာရှိ အိမ်ထောင်စု(၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinnovac) ဆက်လက်ထိုးနှံပေး
Dec 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယ သုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ရုံးရှေ့ မြေစိုက်ဘုတ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများ ကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၁) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှဆင်းခွင့်ရရှိ
Dec 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ (၁၄)ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၃၄) ဦး၊ ပေါင်း (၄၈) ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်ရောဂါပိုး မတွေ့ရှိ​ကြောင်း သိရပြီး မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၇) ဦး၊ ပေါင်း (၁၀) ဦး၊ လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၁၁)ဦးဆေးရုံဆင်းခွင့်ရရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့ စေပုတ်ကေကျေးရွာတွင် လျှပ်စစ်မီးမိန်းခလုတ်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Dec 21,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်မီးသတ်စခန်းနှင့် ကုန်းလမ်း(၄)မိုင် ခန့်ကွာဝေးသော ဂုံးချွိန်ကျေးရွာအုပ်စု၊ စေပုတ်ကေကျေးရွာတွင် ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၅၀ အချိန်ခန့်က လျှပ်စစ်မီးမိန်းခလုတ်မှတစ်ဆင့် လူနေတန်းလျား (၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်မာ့အလှကုမ္ပဏီပိုင်ခြံဝင်း၌ အစောင့်နေထိုင်သောလူနေတန်းလျားရှိ ဓါးမိန်းခလုတ် Loose ဖြစ်ရာမှ မိန်းခုံလောင်ကျွမ်းပြီး ဝါးထရံသို့မီးကူး စက်လောင်ကျွမ်းခြင်း ဖြစ်သည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ဒီဇင်ဘာ ၁၄ရက်နေ့မှစ၍  မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးကြောင်း သိရ သည်။