သတင်းများ

စစ်ကိုင်းတက္ကသိုလ်တွင် မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး လှုပ်ရှားမှုများ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေး
Dec 20,2021
စစ်ကိုင်းတက္ကသိုလ်တွင် ''မြန်မာ့သမိုင်းကြောင်းတစ်လျှောက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး လှုပ်ရှားမှုများ"ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရန် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်း သိပ္ပံဆောင်- ၁ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက (၂)သိန်းကျော်နှင့် အခြားသီးနှံ ဧက(၇)သောင်းကျော် စိုက်ပျိုးသွားမည်
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်း သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်၌ နွေစပါးဧက(၂)သိန်းကျော်နှင့် အခြားသီးနှံ ဧက(၇)သောင်းကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မိုင်းခုတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Dec 20,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လုံးခင်းကျေးရွာရှိ ဥရုချောင်းကူး သံဘောင်ဘေလီတံတားကျိုးကျမှုဖြစ်ပွား
Dec 20,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ဥရုချောင်းကူး သံဘောင်ဘေလီတံတားသည် ဒီဇင်ဘာ (၁၈)ရက် ည(၇)နာရီခွဲခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား အများပြည်သူအသိပညာပေး ပြသဆောင်ရွက်
Dec 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို အများပြည်သူ ကြည့်ရှုနိုင်ရန် အတွက် ယမန်နေ့နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ နံရံကပ်စာစောင် များ၌ ပြသခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် မိုးစပါး တစ်ဧကအထွက်နှုန်းတိုးတက်ရေးစံပြကွက်ဆောင်ရွက်ထားသည့် စံကွက် ရိတ်သိမ်း
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတွင် မိုးစပါး တစ်ဧက ထွက်နှုန်း တိုးတက်ရေးနှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် စိုက်ဧကများကို စံကွက် ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။
ဘုတ်ပြင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်ပ
Dec 20,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄) ရက်နေ့ တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး သပြေခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ဘူးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
Dec 20,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင် ကျေးရွာတွင် စီးပွားဖြစ် ဘူးသီးများ စိုက်ပျိုးကြရာ စျေးကောင်းရသဖြင့် မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။