စစ်ကိုင်း ဒီဇင်ဘာ ၂၂
စစ်ကိုင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ရဟန်း/ သံဃာများ၊ သီလရှင်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန် က ဆွေးနွေးပြောကြားရာ နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စီမံချက်များနှင့်အညီ ယခုလအတွင်း ရာနှုန်း ပြည့်ပြီးစီးနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးပေးကြဖို့ ပြောကြားပြီး ခရိုင်ကျန်းမာ ရေးဦးစီးဌာန၊ ဒုတိယခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသော်တာထက် က စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ ခွဲတမ်းရရှိမှု၊ နေ့စဉ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ဆက်လက်ထိုးနှံပေးသွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပေးခဲ့ရာ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ဆွေးနွေးချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
စစ်ကိုင်းမြို့အနေဖြင့် လာမည့် ဒီဇင်ဘာ(၂၄)ရက်နေ့တွင် စစ်ကိုင်းမြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသူ ဈေးရောင်းသူ/ ဝယ်သူများအား ကာကွယ်ဆေးများထိုးနှံပေး သွားမည်ဖြစ်ပြီး ဒီဇင်ဘာ(၂၈)ရက်နေ့တွင် မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများအား ကံတလူဘုရားအနီး တိုးဂိတ်ဝန်းကျင်နေရာတွင် စုရပ်သက်မှတ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်