သတင်းများ

ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် နံရံကပ်စာစောင်များ ပြသခြင်းကို ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနဆောင်၌ ယမန်နေ့နံနက် ၉နာရီအချိန်က သွားရောက်ပြသခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့ရှိလူစည်ကားသောနေရာများတွင် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်၊ (191)စတစ်ကာ များဝေငှပေးလျက်ရှိ
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အတွင်းရှိ မြို့နယ်များတွင်မီးဘေး လုံခြုံရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ လူစည်ကားသောနေရာများတွင် မီးဘေး လုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်၊ (191)စတစ်ကာ များကိုဝေငှပေးခဲ့ကြောင်း သိရသည်။
ချောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ
Dec 23,2021
ချောက်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးဆွေးနွေးပွဲTalk Show ကျင်းပ
Dec 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်“ ကလေးသူငယ်အခွင့် အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ” ဆွေးနွေးပွဲ  Talk Show ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၁)သိန်းကျော်ရှိပြီး၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ် ဆေးများထိုးနှံပေးလျှက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၁) သိန်းကျော်ရှိပြီး၊  ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 
မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Dec 23,2021
မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီက ကျွန်တော့်အတွေးအခေါ်များ မှတ်စုစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၄) နှစ်မြာက် လွတ်လပ်ရေးနေ့အထိမ်းမှတ် ဟောပြောပွဲ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Dec 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ကဗျာရွတ် ပြိုင်ပွဲများကို ယနေ့ နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်၊ကျေးရွာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ များကျင်းပလျက်ရှိ
Dec 22,2021
 ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်လျက်ရှိသည်။