စလင်း၊ ဒီဇင်ဘာ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာ ၁၁၀ အုပ်စုတွင် နေထိုင်ကြသည့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ဒီဇင်ဘာ၂၁ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့ဒုတိယမြောက်နေ့အဖြစ် နံနက် ၇ နာရီမှစတင်ကာ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှသိရှိရသည်။
စလင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာမှ လမ်းညွှန်ချက်များ နှင့်အညီ အလှည့်ကျသတ်မှတ် နေ့များအလိုက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ များပြား သောကြောင့် ပင်စင်စားများအားအုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိရာ ထိုသို့ပင်စင်လစာ ထုတ်ယူရာတွင် နှာခေါင်းစည်းများတပ်ဆင်စေခြင်းများပြုလုပ်၍ ရုံးဝန်းအတွင်းထိုင်ခုံများ ကို ၆ ပေခြား၍ထိုင်စေပြီး အလှည့်ကျထုတ်ပေးလျက်ရှိရာ ပထမနေ့တွင် ၅၂၃ ဦး၊ ယနေ့ နံနက်ပိုင်းတွင် ၅၁၅ ဦးထုတ်ယူပြီးစီးကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်နီနီအောင်ထံမှသိရှိရသည်။
မောင်လွင်(စလင်း)