ဟားခါး ဒီဇင်ဘာလ ၂၂
ချင်းပြည်နယ်၊ ဟားခါးမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ကာ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမနှင့် ကာလ်ဆင်နှစ်ခြင်းဘုရားကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ထိုးနှံပေးသည့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ထိုးနှံသည့် ကျောင်းသား/ သူများကို ဒုတိအကြိမ်ထိုးနှံပေးခြင်းဖြစ်ရာ တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်းမရှိသေးသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်သည်။
ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှာခေါင်း စည်း တပ်ဆင်ခြင်း၊ သတ်မှတ်ထားသည့် အကွာအဝေး အတိုင်း စနစ်တကျတန်းစီစေပြီးနောက် ကာကွယ်ဆေးမထိုးနှံပေးမီ ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့ အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်တက်လမ်း