သံဖြူဇရပ် ဒီဇင်ဘာ ၂၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို ဒီဇင်ဘာ ၂၁ရက်မှစတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက် ၈နာရီ မှ နေ့လည်၂ နာရီထိ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးရာတွင် သက်ကြီးပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများကစာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများကို အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစု၊ လူဝေးမဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လက်ဆေးဘေစင်များ ဆောင်ရွက်ပေးထားကြောင်းကို သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
အေးအေးမွန်(ပြန်/ဆက်)