သတင်းများ

မေတ္တာမြို့၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Dec 23,2021
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထားဝယ်-မေတ္တာဟိုင်းဝေး ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသော ပြည်သူများအား ယမန်နေ့   နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့တွင် မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ်သတိပြုရေး စတေကာ Campaign နှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
Dec 23,2021
ကော့သောင်းမြို့တွင်း မောင်းနင်သွားလာလျက်ရှိသည့်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များနှင့် လမ်းထွက်သွားလာနေကြသူများအား မီးဘေးအန္တရာယ် သတိမှုရေးစတေကာ Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည့်လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ကမ်းနားလမ်းနှင့် ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတို့၌ ခရိုင် မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
မော်လိုက်(အထက)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော
Dec 23,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားကြရမည့် ဆိုးကျိုးများကို သိရှိလိုက်နာ နိုင်စေရန် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မော်လိုက်မြို့ (အထက)ကျောင်းရှိ စုံညီခန်းမတွင် ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 23,2021
မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာ‌ပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မကွေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Dec 23,2021
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်း က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (omicron) ရောဂါပိုး ကြိုတင် ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၌ ဒေသနေပြည်သူများအား မြန်မာဘာသာ၊ ပိုးကရင်ဘာသာဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါပိုး များကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက် ခဲ့သည်။
ကော့သောင်းမြို့တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေး Sinopharmအား ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  ကော့သောင်းမြို့၊ ပိတောက်ရွှေဝါ ရပ်ကွက်မှ ရပ်ကွက်ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွါးရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။