ဟင်္သာတ ၊ ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်က လာရောက်လေ့လာ ကြည့်ရူသူများအား ပြခန်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် မသန်စွမ်းမှုဖြစ်ရခြင်း အကြောင်းအရင်းများ၊ မသန်စွမ်းမှု အမျိုးအစားများ၊ မသန် စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများ၏ အခြေခံ အခွင့်အရေးများ၊ မသန်စွမ်းသူများအတွက် ခွဲခြားမှုမရှိသော ပတ်ဝန်း ကျင်နှင့် အဟန့်အတားကင်းသော ပတ်ဝန်းကျင်အခြေအနေ အသိပညာပေး ဖော်ပြချက်များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ် ဆောင်ရွက်၍ ရနိုင်သော နည်းလမ်းများကို မှတ်တမ်းဓါတ်ပုံများ၊ နံရံကပ်စာစောင်များဖြင့် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရေး အသိပ ညာပေး ပြသထားကြောင်း သိရသည်။
ကိုဇော်