သတင်းများ

ရသေ့တောင်မြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်
Aug 26,2021
ရခိုင်ပြည်နယ် ရသ့တောင်မြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးSinopharm(BIBP)အား ဒုတိယ အကြိမ်အဖြစ် သြဂုတ် ၂၉ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည်လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများ အား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်
Aug 26,2021
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် ဩဂုတ် ၁၆ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းလာသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြည်သူ(၂၉၁)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အရပ်ဒေသအသီးသီးသို့ ယနေ့တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်းလျှော့ချကာကွယ်နိုင်ရန် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှု ရေနံချောင်းမြို့နယ်၌ ဆောင်ရွက်
Aug 26,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပါးစပ်နှာခေါင်းစည်းတပ်ဆင်မှု အားနည်းခြင်းကြောင့် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်းလျှော့ချကာကွယ်နိုင်ရန်အတွက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျေးရွာများရှိအိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ပါးစပ်နှင့် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေး
Aug 26,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ကန်ကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ဒေသခံ ပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အသက် ၆၅  နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်း များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး
Aug 26,2021
ကိုဗစ် - ၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးမှုများလည်းမြင့်တက်လျက်ရှိရာ   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများအား ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၁၀ နာရီက  ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးလျက်ရှိ
Aug 26,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နံနက်(၁၀)နာရီက  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာသူ ၊ ကျေးရွာသားများအား ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေးကြောင်းသိရသည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)၌ အငြိမ်းစား(၁၄)ဦးတို့အား ပင်စင်ငွေများ ဆက်လက် ထုတ်ပေးလျက်ရှိ
Aug 26,2021
တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင် ၂၀၂၁ခုနှစ်၊ ဩဂုတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဩဂုတ်လ၂၃ရက်နေ့မှစ၍ ဘဏ်များ ပြန်လည်ဖွင့်လှစ်ကာ စနစ်တကျ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်၈ နာရီအချိန်မှ မွန်းလွှဲ၂နာရီအထိ အငြိမ်းစားဝန်ထမ်း(၁၄)ဦးအား ပင်စင်လစာ ငွေကျပ် (၂၅၆၇၇၃၅)တိတိကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရှိရသည်။
ပန်းခင်းစီမံချက်အရ ပုသိမ်မြို့ရှိ တပ်ရင်း/တပ်ဖွဲ့များမှ မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်
Aug 26,2021
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။