Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်တန်းမြို့နယ်ရှိ ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အောက်ဆီဂျင်စက်ရုံတို့ကိုကြည့်ရှု
Aug 28,2021
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် မိုးစပါး စိုက်ခင်း၊ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံရှိအောက်ဆီဂျင်စက်၊ ပုဂ္ဂလိက ဂဏန်း ၊ ပုဇွန်မွေး မြူရေးလုပ်ငန်းများ ၊ အောက်ဆီဂျင်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၁) တက်ရောက်ခြင်းနှင့် မုံရွာမြို့ရှိ အောက်ဆီဂျင်စက်ရုံများ ကြည့်ရှုစစ်ဆေး
Aug 28,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပက်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၆/၂၀၂၁) ကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး
Aug 28,2021
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကာကွယ် ဆေး ထိုးနှံခွင့်ရှိသည့် သတ်မှတ်အုပ်စုများအလိုက် စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ (၂၆)ရက်နေ့တွင် အုံးဇုံးကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုတို့တွင် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကူး-ပေါ့ထော်-နောင်ကမြိုင် လမ်းပေါ်ရှိ ခဝိချောင်းကူးတံတား ဖွင့်ပွဲကျင်းပ
Aug 28,2021
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သည့် ဘားအံမြို့နယ် ကော့ကူး-ပေါ့ထော်-နောင်ကမြိုင်လမ်းပေါ်ရှိ ခဝိချောင်းကူးတံတား(၈၀)ပေ ကွန်ကရစ်တံတား ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတံတားတည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရှာဖွယ်ကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေး သရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေး သရုပ်ပြသမှုတို့ကို သွားရောက်ကြည့်ရှု
Aug 28,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်နယ် မီးသတ်ဦးစီးဌာနရုံးနှင့် စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ကျောက်တန်းတံတားအနီးတို့၌ ပြုလုပ်သည့် ရှာဖွယ်ကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေး သရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေး သရုပ်ပြသမှုတို့ကို တက်ရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင်Mobile RDT Test Kit ယာဉ်ဖြင့်ကိုဗစ်- ၁၉ရောဂါပိုးရှိ/မရှိ ကျေးရွာအရောက်ကွင်းဆင်းစစ်ဆေး
Aug 28,2021
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်Mobile RDT Test Kit ယာဉ်ဖြင့်ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က သြဇာတောကျေးရွာ အုပ်စု ဩဇာတောကျေးရွာဒေသခံ ပြည်သူများအားကျေးရွာအရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငွေကျပ်(၄၀၅)သန်းဖြင့် ဆောက်လုပ်ခဲ့သည့် ဘားအံမြို့ သီရိဈေးသစ်အား ဖွင့်လှစ်
Aug 28,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၄၀၅)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ သီရိဈေးသစ် ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က အဆိုပါဈေးသစ်တည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ ရွေ့လျားမော်တော်ယာဉ်ဖြင့်လှည့်လည်၍ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိစစ်ဆေးဆောင်ရွက်
Aug 28,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြို့နယ်အတွင်း ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ရွေ့လျား မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24408
Page
24409
Page
24410
Page
24411
Current page
24412
Page
24413
Page
24414
Page
24415
Page
24416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department