သတင်းများ

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိ၊ (၁၃)ဦး ပြန်လည်ကျန်းမာလာ
Aug 27,2021
ဟားခါးမြို့တွင် ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် (၁၃)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မကွေးမြို့တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်နိုင်ရေး Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ညောင်ကန်ကျေးရွာနှင့်ညောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီက Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျေးရွာနေ ပြည်သူများအား ကျေးရွာအရောက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ မွန်းလွဲ (၃)နာရီအချိန်က မကွေးမြို့နယ် ညောင်ကန်ကျေးရွာနှင့်ညောင်ပင်ကျေးရွာရှိ ဒေသခံ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ အရှိန်အဟုန် မပျက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 27,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဌာန ဆိုင်ရာများ ပေါင်းစပ်၍ လုပ်ငန်းများအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် အာမခံလုပ် သားများအား ဒုတိယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးဦးစီးဌာနတွင် မှတ်ပုံတင် ထားသည့် အာမခံလုပ်သားများအား ယမန်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြားသည်။
ပခုက္ကူမြို့နယ်တွင် စေတနာ့ဝန်ထမ်း(၆၉)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 27,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများမှ စေတနာ့ ဝန်ထမ်း (၆၉)ဦးအား  ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁) ခန်းမ၌ ဒုတိယအကြိမ် ထိုးနှံပေးသည်။
မိုင်းဖြတ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလလုပ်ငန်းများအတွက်အလှူငွေများ ပေးအပ်လှူဒါန်း
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းသို့ အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉နာရီအချိန်ခန့်က မိုင်းဖြတ်လူမှုရေးကူညီမှု အသင်းရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။
မုံရွာမြို့ ကျောက်ဆောင်ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲကျင်းပ
Aug 27,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး ဒေသတွင်း စားနှပ်ရိက္ခာဖူလုံစေရန်အတွက်ရည်ရွယ်ပြီး မုံရွာမြို့ ကျောက်ဆောင် ဆိပ် ချင်းတွင်းမြစ်အတွင်းသို့ ဒုတိယအကြိမ် ငါးမျိုးများ စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက ကျင်းပပြုလုပ်ရာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမောင်မောင်၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသောင်းညွန့်၊ မုံရွာခရိုင် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မုံရွာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတက်ရောက်ပြီး ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)မှ တာဝန် ပေးအပ်သော လျာထားချက်များအတိုင်း ရေဦးငါးလုပ်ငန်းစခန်းမှ (ငါးမြစ်ချင်း ငါးသားပေါက် နှစ်သိန်း ၊ ငါးခုံးမကြီး တစ်သိန်းခွဲ၊) စုစုပေါင်းငါးသားပေါက်ကောင်ရေ (၃၅၀၀၀၀)သုံးသိန်းခွဲတိတိကို  ချင်းတွင်းမြစ်အတွင်းသို့ စုပေါင်းစိုက်ထည့်ပေးခဲ့ကြောင်း  သိရသည်။
ထားဝယ်မြို့ ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေးကြည့်ရှုစစ်ဆေး
Aug 27,2021
ကိုဗစ်-၁၉ကာလတွင် စျေးကွက်အတွင်း ကာကွယ်ကုသရေး၊ ဆေးဝါး၊ဆေးပစ္စည်းများနှင့်အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သင့်တင့်သောစျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေး သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။