ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်းလျှော့ချကာကွယ်နိုင်ရန် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှု ရေနံချောင်းမြို့နယ်၌ ဆောင်ရွက်

ရေနံချောင်း ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပါးစပ်နှာခေါင်းစည်းတပ်ဆင်မှု အားနည်းခြင်းကြောင့် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်းလျှော့ချကာကွယ်နိုင်ရန်အတွက် Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျေးရွာများရှိအိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ပါးစပ်နှင့် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲလင်းအောင် ဦးဆောင်ကာ ဌာနဆိုင်ရာဝန်ထမ်းများအဖွဲ့က ဇုန်နယ်မြေများခွဲ၍ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု ကာကွယ်ထိန်းချုပ်ရန်အတွက် ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေပေးရာတွင် ဇုန်()ပင်းဝကျေးရွာအုပ်စု ကျေးရွာပေါင်း()ရွာမှ လူဦးရေ (၇၆၉၅)ဦး ဇုန်()စိန်ပန်းပင်ကျေးရွာအုပ်စု ကျေးရွာ ပေါင်း()ရွာမှ လူဦးရေ(၅၄၉၄)ဦး၊ ကမ္မကျေးရွာအုပ်စု ကျေးရွာ ပေါင်း()ရွာမှ လူဦးရေ(၃၇၀၂) ဦး ဇုန်()ချိုင်းကျေးရွာအုပ်စု ကျေးရွာပေါင်း()ရွာမှ လူဦးရေ(၃၅၇၅)ဦး၊ လေးတိုင်စင်ကျေးရွာအုပ်စု ကျေးရွာပေါင်း()ရွာမှ လူဦးရေ(၁၇၂၉)ဦး၊ စုစုပေါင်းကျေးရွာပေါင်း(၂၄)ရွာမှ လူဦးရေ (၂၂၁၉၅)ဦးတို့အတွက် အခြေခံလူတန်းစားအိမ်ထောင်စု၊ အလယ်အလက်တန်းစားအိမ်ထောင်စု၊ ချမ်းသာသည့်အိမ်ထောင်စုများ ဟုသုံးမျိုးခွဲခြားကာ   ပါးစပ်နှာခေါင်းစည်း ၂၂၁၉၅  ခုအား ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းဖြန့်ဝေ ပေးခဲ့ကြသည်။

အဆိုပါ Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအားလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရေနံချောင်းမြို့နယ်တွင် ဩဂုတ် ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၄၅၁ ဦးရှိပြီဖြစ်ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်သူ ၃၃၉ ဦးရှိကာ သေဆုံးသူ ၃၈ ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)