သာစည်မြို့နယ်တွင် လူမှုဖူလုံရေးအာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံ
Aug 26,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအားကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ရာ ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့နယ်လှိုင်းတက်ကျေးရွာရှိ တပ်မတော် မိုးရေကာဖျင်စက်ရုံနှင့် တပ်မတော်ဖိနပ်စက်ရုံတို့မှ အလုပ်သမားများအားအဆိုပါစက်ရုံရှိ ဗန္ဓုလ ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးကြောင်းသိရသည်။