တံတားဦးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးပေးလျက်ရှိ

တံတားဦး ဩဂုတ်  ၂၆

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နံနက်(၁၀)နာရီက  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာသူ ၊ ကျေးရွာသားများအား ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေးကြောင်းသိရသည်။

အဆိုပါ စီမံကိန်းချေးငွေထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုနှင့် ဝန်ထမ်းများက ချေးငွေလာရောက်ထုတ်ယူကြသော ပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စနစ်တကျ လက်ဆေးစေခြင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း (Mask) တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေကွာစနစ်ဖြင့် ထုတ်ပေးခဲ့ပါကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေ့သည့် ကာလအတွင်း ကျေးလက်နေပြည်သူများ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ ထိခိုက်မှု သက်သာစေရန် ရည်ရွယ်ပြီး   ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စုက ပြောကြား၍ သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေများကို တံတားဦးမြို့နယ် ဇီးချောင်းကျေးရွာအုပ်စု ဇီးချောင်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ကိုင်သူ(၁၅၁)ဦးအား၊ ဆပ်/ထုတ် ငွေကျပ် (၄၉၅)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ (၁၁၁)ဦးအား၊ ဆပ်/ထုတ်ငွေ ကျပ်(၂၀၀.၅) သိန်းနှင့် အရောင်းအဝယ်လုပ်ကိုင်သူ(၂)ဦးအား ဆပ်/ထုတ် ငွေကျပ်(၄)သိန်း စုစုပေါင်း(၂၆၄)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၆၉၉.၅)သိန်းအား ထုတ်ချေးပေးခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(တံတားဦး)