ရသေ့တောင် သြဂုတ် ၂၆
ရခိုင်ပြည်နယ် ရသ့တောင်မြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးSinopharm(BIBP)အား ဒုတိယ အကြိမ်အဖြစ် သြဂုတ် ၂၉ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးSinopharm(BIBP)ထိုးနှံပေးရာတွင် သြဂုတ် ၁ ရက်နေ့က ထိုးနှံခဲ့ သည့် ရသေ့တောင်မြို့ ချောင်းဝရပ်ကွက်နှင့် တောင်ရင်းတန်းရပ်ကွက်မှ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သသနာ့နွယ်ဝင် သီလရှင်များနှင့် ဦးစားပေး အုပ်စုတွင် ပါဝင်သူများအား သြဂုတ် ၂၉ ရက်နေ့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေး သွားမည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ်ထိုးနှံသည့်နေ့ရက်မှ ၂၈ ရက်ပြည့်ပြီး သူ(၇၄)ဦးတို့အား ဒုတိယအကြိမ်အဖြစ် ကျန်းမာရေးနှင့်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)