တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြန်လည်လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများ အား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်

မြစ်ကြီးနား     ဩဂုတ် ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် ဩဂုတ် ၁၆ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းလာသော မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြည်သူ(၂၉၁)ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ အရပ်ဒေသအသီးသီးသို့ ယနေ့တွင် ပြန်လည်ပို့ဆောင် ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မည့် နေရပ်ပြန်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ပြည်နယ်သယံဇာတဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စီးပွားရေးဝန်ကြီးဦးမျိုးဆွေနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူတို့က သွားရောက်အားပေး စကားပြောကြားပြီး  ထောက်ပံ့‌ငွေများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ပြည်လည်လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား (၂၉၁)ဦးတွင်  ကချင်ပြည်နယ်မှ  ၁၆ ဦး၊ ချင်းပြည်နယ်မှ  ၄ ဦး၊ ရခိုင်ပြည်နယ်မှ  ၈၇ ဦး၊ ရှမ်းပြည်နယ်မှ  ၇၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၂ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၈ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၃၅ ဦး၊ ဧရာဝတီဒေသကြီးမှ ၂ ဦးနှင့် နေပြည်တော်မှ ၁ ဦးပါဝင်ပြီး ၄င်းတို့အား မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ခါကာဘိုရာဇီအမျိူးသားဆောင် နှင့်  ဆွမ်ပရာဘွမ်အမျိုးသမီးဆောင်တို့တွင် ဩဂုတ် ၁၇ ရက်နေ့မှ ဩဂုတ် ၂၅ ရက်နေ့ထိ သီးသန့်ထားရှိပြီး ကိုဗစ်-၁၉နှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ရာ နေရပ်ပြန်ပြည်သူများအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့တွင်  ကချင်ပြည်နယ်အစိုးအဖွဲ့မှ သက်ဆိုင်ရာ တိုင်းဒသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့်ချိတ်ဆက်ပြီး  နေရပ်ပြန်ပြည်သူများအား ၄င်းတို့၏ နေရပ်ဒေသ အသီးသီးတို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

         

ပြည်နယ်(ပြန်/ဆက်)