မြောင် ဩဂုတ် ၂၆
စစ်ကိုင်းခရိုင်၊ မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများအား (Mask)များကို အခမဲ့ဖြန့်ဝေမှုနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက်(၇)နာရီက မြို့မဈေးနှင့် မြောင်- ပရိမ္မ ကားလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဉီးကျော်ဇင်ထွန်း ဉီးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့်(Mask)များကို အခမဲ့ဖြန့်ဝေမှု ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များကိုလည်း အချိန်နှင့်အညီ ပြည်သူများသိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)