မလှိုင် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အသက်( ၆၅ )နှစ်နှင့် အထက် အဘိုးအဘွားများနှင့် ဦးတည် အုပ်စု အလိုက် (Sinopharm) ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်း နောက်ဆုံးနေ့အဖြစ် ထန်းပင်ကန်ကျေးရွာ အလယ်တန်းကျောင်း စုရပ်၌ ယနေ့နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါနေ့က ထန်းပင်ကန်ကျေးရွာ အလယ်တန်းကျောင်းစုရပ်သို့ မှရိုးကျေးရွာအုပ်စု ၊ ထမ္မကြီးကျေးရွာအုပ်စု ၊ ရုံးပင်ဇောက်ကျေးရွာအုပ်စု ၊ ရွာသစ်ကျေးရွာအုပ်စုတို့မှ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ ဦးတည်အုပ်စုအလိုက် ဦးစားပေး ထိုးနှံရမည့်သူများကို ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းနောက်ဆုံးနေ့ အဖြစ် စုစုပေါင်း(၇၆) ဦးကို ထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ၊ အဖွဲ့ဝင်များ ဖြစ်ကြသောဗိုလ်မှူးဌေးသန်း ၊ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့ အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည် ။
မလှိုင်မြို့နယ်တွင် အသက်( ၆၅ )နှစ်နှင့် အထက် အဘိုးအဘွားများနှင့် ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး အလုံးရေ( ၃၄၁၈)လုံး ၊ လူဦးရေ (၆၈၃၆)ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံနိုင်ခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)