ပြင်ဦးလွင် ဩဂုတ် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၈:၃၀ ) နာရီမှ စတင်ပြီး သုံးတောင်ကျေးရွာရှိ Burst Transmission Co.,LTD ( မှန်ဘီလူးစက်ရုံ ) ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် စက်ရုံများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကာကွယ်ဆေးထိုး စုရပ်အဖြစ်သတ်မှတ်ပြီး အပူချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း စသည့် ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများ နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ လူဦးရေ ( ၁၂၀၀ ) ဦးခန့် ထိုးပေးလျက်ရှိပြီး အလားတူ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) တွင်လည်း တာဝန်ထမ်းဆောင်နေသော စက်ရုံဝန်ထမ်းများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည် ။