မြိတ် ဩဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ စက်ရုံအလုပ်ရုံများအား Stay at Home ကာလအတွင်း စက်ရုံများတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာမှုရှိစေရေးအတွက် ယမန်နေ့မှစတင်ကာ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြိတ်စက်မှုဇုံရှိ စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။
“Stay at Home ကာလမှာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စက်ရုံအလုပ်ရုံတွေမှာ ဝန်ထမ်းတွေ ဝင်ထွက်သွားလာ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့၊ မလို အပ်ဘဲအပြင် ထွက်သွားခြင်း မပြုလုပ်ကြဘဲ သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာသာ လုပ်ငန်းဆောင်ရွက်ဖို့၊ စက်ရုံ အတွင်း ဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိအောင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့စည်းကမ်း ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်မှုရှိမရှိ စစ်ဆေးဆောင်ရွက်တာဖြစ်ပါတယ်” ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်း က ပြောသည်။
သတ်မှတ်စည်းကမ်းများနှင့်အညီ စိစစ်ကြပ်မှတ်ခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများလုပ်ငန်းခွင်လာရောက်ရန် စိစစ်ရေးကတ်ပြားများဖြင့် ထုတ်ပေးထားရှိပြီး လုပ်ငန်းခွင်ရောက်ရှိပါက အဆိုပါကတ်ပြားကို သိမ်းဆည်းထားရှိ၍ အလုပ်ဆင်းချိန်မှ ပြန်လည်ထုတ် ပေးကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် လုပ်ငန်းချိန်အတွင်း မလိုအပ်ဘဲ ပြင်ပထွက်မှုသွားလာမှုမရှိစေရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း စိစစ်ရေးအဖွဲ့မှ သိရသည်။
မြိတ်မြို့နယ်တွင် အကြီးစားစက်မှု လုပ်ငန်းများအနေဖြင့် မြိတ်စက်မှုဇုံနှင့် ရပ်ကွက်/ကျေးရွာများတွင် စက်ရုံအလုပ်ရုံ(၇၀)ကျော်ရှိကြောင်း၊ Stay at Home ကာလအတွင်း မြိတ်မြို့ရှိ ပြည်သူလူထုများအား သက်ဆိုင် ရာမှ တစ်အိမ်တစ်ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားဖြင့် အပြင်ထွက်ခွင့်ပြုထားပြီး စက်ရုံအလုပ်ရုံဝန်ထမ်းများအား သက်ဆိုင်ရာစက်ရုံများမှ စိစစ်ရေးကတ်များဖြင့် နေအိမ်မှ စက်ရုံအလုပ်ရုံသို့ သွားလာခွင့်ပြုထားသည်။ မြိတ်မြို့နယ်အတွင်း Stay at Home ကာလ စက်ရုံအလုပ်ရုံများ ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိကြကြကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး