မြောက်ဦး ဩဂုတ် ၂၆
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှလှူဒါန်းသော ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာများမှ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က သွားရောက်လှူန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များပါဝင်ကြပြီး မြို့မရွှေကျောင်းပရိယတ္တိစာသင်တိုက်မှ ဆရာတော်ကြီး အဂ္ဂမဟာ ပဏ္ဍိတ ဘန္ဒတ ရေဝတထံမှ ငါးပါးလီဆောက်တည်ကြပြီးနောက် မေတ္တာသုတ်ပရိတ်တရားတော် ကိုနာကြားလျက် ကိုဗစ်-၁၉ ကာလအတွင်း ကျောင်းတိုက်အသီးသီးရှိ ဝါဆိုသံဃာတော်များ ဆွမ်းကိစ္စ အခက်အခဲမရှိရစေရန် ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ပစ္စည်များ အပြင် နဝကမ္မ ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းရခြင်းဖြစ်ကြောင်း မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်မှ လျှောက်ထားကာ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကောင်းမှုအစုစုတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်သောအဖွဲ့သည် ကိုဗစ်-၁၉ ကာလ အတွင်း ဆွမ်းအခက်အခဲရှိနေသည့် ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ သံဃာတော်များနှင့် သီလရှင်များအတွက် ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ လှူဒါန်းသော ဝတ္ထုငွေ သိန်း(၂၀)နှင့် ဌာန ဆိုင်ရာများမှ စုပေါင်းလှူဒါန်ထားသည့် ငွေကျပ် (၁၃)သိန်း စုစုပေါင်း (၃၃)သိန်းဖိုး တန်ဖိုးရှိသော ပေါ်ဆန်းမွေး(၃၈)အိတ်၊ ဆီ (၁၉၉)ဗူး၊ ဝတ္ထုငွေ ကျပ် (၅၀၀၀၀) စီအား သွားရောက်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)