မြိုင် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ၂၀၂၁-ခုနှစ် မိုးသီးနှံချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြိုင်မှကိုဗစ်-၁၉ညွှန်ကြားချက်များနှင့်အညီ ထုတ်ချေးလျက်ရှိသည်။
မြိုင်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမြိုင်မှ မိုးသီးနှံချေးငွေများထုတ်ချေးပေး လျက်ရှိရာ ယနေ့အထိကျေးရွာအုပ်စု (၈)အုပ်စုရှိ တောင်သူဦးရေ (၅၉၅)ဦးအား လယ်ဧက ၁၁၅၃ဧကနှင့် ယာသီးနှံဧက ၂၆၇၂ဧက အတွက်ငွေကျပ် ၄၄၀၁ဒသမ၅၀ သိန်း ထုတ်ချေးပြီး ဖြစ် ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများရှိ တောင်သူများအားလည်းကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲ မြိုင်ရုံး မန်နေဂျာ ဦးအေးကိုထံမှ သိရသည်။
မိုးကြီး (မြိုင်)