ပင်းတယမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့်ဦးစားပေးအစီအစဥ်အရပထမအကြိမ်ကာကွယ်ဆေးထိုးထားသူ (၂၆၂) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ပင်းတယ  ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင် ၃၀ ရက်နေ့ကပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ အသက် (၆၅) နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့်ဦးးစားပေးအစီအစဉ်အရကာကွယ်ဆေးထိုးနှံထားသူ (၂၆၂)ဦးအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်နေ ရာများတွင်ယနေ့နံနက်(၉)နာရီမှ  စတင်၍ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ် ဆေးထိုးနှံဆောင်ရွက်နေမှုများကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ပင်းတယမြို့ ဓနုမြေဘိုးဘွားရိပ်သာရှိသက်ကြီးဘိုးဘွားများကိုလည်း ဒုတိအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာပင်းတယမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်မှ လိုက်လံကြည့်ရှုစီမံဆောင်ရွက်ပေးခဲ့သည်။
ယနေ့ထိုးနှံပေးသည့်ဆေးအမျိုးအစားမှာ ပထမအကြိမ်ထိုးနှံပေးသည့် Sinopharm ဆေးအမျိုးအစား ဖြစ်ပြီး(၂၆၂)ဦး လုံးပြန်လည် ထိုးနှံကြောင်းသိရသည်။

ပင်းတယ(ပြန်/ဆက်)