လားရှိုး ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများဖြစ်သော အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်ထုတ်ပေးခြင်း၊ အရပ်ရပ်အခွင့်အရေး လိုင်စင်သက်တမ်းတိုးခြင်းနှင့် စိစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ် စည်ပင်သာယာရေးဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်တွင်းအခွန်းဦးစီးဌာမှ ဒေါ်နော်ဆွေဆွေဦး (လက်ထောက်ညွှန်ကြားရေးမှူး)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးဝင်းဆွေဦး(ဦးစီးအရာရှိ)၊မြို့နယ်အဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး စည်းကမ်းချက်များနှင့်အညီ သားသတ်လုပ်ငန်းများကို အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စနစ်ထုတ်ပေးခြင်းနှင့် အရပ်ရပ်အခွင့်အရေး လိုင်စင်သက်တမ်းတိုးခြင်း၊ စိစစ်ရောင်းချခြင်းနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ အသားထုတ်လုပ် ရောင်းချခွင့် လက်မှတ်ရရှိသူ လုပ်ငန်းရှင်များအား မြို့နယ် စည်ပင်သာယာရေးဌာန ၊အမှုဆောင်အရာရှိ ဦးကျော်ဇင်နှင့် တာဝန်ရှိသူ အသီးသီးတို့က ထုတ်လုပ်ရောင်းချခွင့် လက်မှတ်များကို ပေးအပ်ခဲ့ကြသည်။မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ ၂၀၂၂ခုနှစ် မတ်လ ၃၁ရက်နေ့အထိ (၆)လတာ ကာလအတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များအား လုပ်ငန်း(၃၃)အားသက်တမ်းတိုးချထားပေးခြင်း၊ သက်တမ်းတိုးမယူသော လုပ်ငန်း(၁၃)ခုအား ဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၃၀ရက်နေ့တွင် ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာချို