တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၇၁၈၆)ထိုးနှံပြီးစီး

 

တံတားဦး  ဩဂုတ်  ၂၇

 

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ရပ်ကွက်/ကျေးရွာများမှ အသက်(၆၅)နှစ်အထက်နှင့် သက်ကြီးရွယ်အိုများ ၊ ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ပိုင်းအထိ လူဦးရေပေါင်း ( ၇၁၈၆) ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည် ။

ဆက်လက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်ရှိသောပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ၊ တံတားဦးမြို့နယ်အတွင်း ကူးစက်ရောဂါ မဖြစ်ရေး ၊ ကြိုတင်ကာကွယ်နိုင် ရေး ၊ ရောဂါကူးစက်မှုလျောနည်းရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသံချဲ့စက်ဖြင့် လှည့်လည်ပြီး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ထားရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ပြောကြားချက်အရ သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အသက်(၆၅) အထက် သက်ကြီး ဘိုးဘွား(၁၈၄၇)ဦး ၊ ဘုန်းတော်ကြီးနှင့် သီလရှင်စုစုပေါင်း(၂၁၁)ဦး ၊ စေတနာ့ရှင် ပရဟိတ(၄၄၁)ဦး ၊ အစိုးရပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၂၈)ဦးနှင့် နိုင်ငံဝန်ထမ်း (၇၃၁)ဦး နိုင်ငံဝန်ထမ်း မိသားစု(၈၄၄)ဦး ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၃၃)ဦး ၊  ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း (၅၇၄)ဦး ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၄၄၂)ဦး  ၊ စူပါမားကတ်ဈေးရောင်း ချသူ(၂၀၃၅)ဦး စုစုပေါင်း(၇၁၈၆)ဦးတို့အား ကာကွယ်ဆေးများထိုးနှံပြီး ဖြစ်ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည် ။

 

ရဲတင့်