သတင်းများ

ဇလွန်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်အ.ထ.က(၁)ဇလွန် ၊ အ.ထ.က(၂)ဇလွန် ၊အ.မ.က(ကမ်းနား) ၊ အ.မ.က(တတောင်ကွေ့) ၊ တို့၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစတင်၍ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
မိတ္ထီလာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးမည်
Aug 27,2021
မိတ္ထီလာမြို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ များအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၉ ရက်နေ့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ သည်။
မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းအတွက် Call Center ဖွင့်လှစ်
Aug 27,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား များနှင့် ဥပဒေအရ နိင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိသည်။
ဖျာပုံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Aug 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ မြို့နယ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကာအ သက်(၆၅)နှစ်နှင့် အထက်အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီမှစတင်၍ဖျာပုံမြို့ အ.ထ.က(၂)ကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိကြသည်။
ရမည်းသင်းမြို့၌ အောက်ဆီဂျင်ထုတ်စက်တပ်ဆင်မည့် အဆောက်အအုံ ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Aug 27,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အောက်ဆီဂျင်ထုတ်လုပ်သည့် စက်တပ်ဆင်မည့် အဆောက်အအုံဆောက်လုပ်ရန် မြေနေရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဝါတိုးရပ်ကွက်ရှိ သိမ်းတော်ကုန်းကွင်းရှိကွင်းအမှတ်(၁၁၉၆)၌ ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ခေမာရဌ်ရိပ်သာ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 27,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေးတိုးမြှင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြသည်။