ဓနုဖြူမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

ဓနုဖြူ သြဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့က အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုတွင် ဇူလိုင်လ ၃၀ ရက်နေ့က (ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံပြီးသော ဓနုဖြူမြို့နယ်၊ မြို့မတိုက်နယ်အတွင်းရှိ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၂၁၆)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။