နွားထိုးကြီး ဩဂုတ်၂၈
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် ၆၅နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၉နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာတွင် မြို့မဇုံအတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာများ အတွင်းရှိ သက်ကြီးရွယ်အိုများ(၁၈၀)ကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်အတွင်း၌ ဇုံနေရာ (၅)နေရာခွဲ၍ မြို့မ၊ ရွာကြီး၊ ဝက်လူ၊ ပြင်စည် နှင်ကန်နားကျေးရွာခွဲများတွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ဆေးထိုးကျန်ရှိနေသည့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲများကို ဒုတိယပကြိမ်ထိုးနှံပေး လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ကန်နားအုပ်စု၊ပြင်စည်အုပ်စု၊ ဝက်လူးအုပ်စုတို့တွင် ထိုးနှံပေးမည် ဖြစ်သည်၊ ကာကွယ်ဆေးအလုံး (၈၄၃)၊ လူဦးရေ(၁၆၈၆)ဦးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီးကျန်ရှိ နေသည့် သက်ကြီးရွယ်အိုများကိုလည်း ဦးစားပေးအုပ်စုဇုံအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်