ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

ငါန်းဇွန်    ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား(၁၁၉၁)ဦးတို့အား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)သုံးလပတ်အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းကို ဘိုးဘွားများ လက်ဝယ် အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။                           

သက်နောင်ဦး(ငါန်းဇွန်)