မော်လမြိုင်ကျွန်း ဩဂုတ် ၂၈
လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပြည်သူများအား ဒုတိယအကြိမ်ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးခြင်း အားကျိုက်ပိကျေးရွာအုပ်စု ကျိုက်ပိ အ-ထ-က ကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှု့အား ကျော်ဇံ ကျေးရွာအုပ်စု၊ ညောင်တုန်းစုကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ စီးပွားချောင်ကျေးရွာအုပ်စု၊ ထီပါလယ်သောင်တန်းကျေးရွာအုပ်စု၊ မရမ်းကျေးရွာအုပ်စု၊ မရဲ့အုန်းပင်းစုကျေးရွာအုပ်စုများမှ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီး သူ(၂၇၀)ဦးကို ဒုတိယ အကြိမ်မြောက် ဆေးထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ ဗိုလ်မှူး မင်းထက်မှူးနှင့်အဖွဲ့ဝင်များမှ ကြည့်ရှု့အားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ကိုကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့် အညီလူစုလူဝေး မဖြစ်စေပဲ ကျေးရွာများအား အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်အောင်(ပြန်/ဆက်)