အုတ်ဖိုမြို့နယ်တွင် မြို့အဝင်ဂိတ်များ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး
Aug 28,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့ဝင်ဂိတ်များတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံပြည်သူများ လိုက်နာမှုရှိ/မရှိ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ထမ်းများကလည်း စျေးသွား၊ စျေးလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။