ကလေးမြို့၌ မိုးရွာသွန်းမှုများကြောင့် မြစ်သာမြစ် (ပြင်သာ)ရေ အနည်းငယ်မြင့်တက်

ကလေး ဩဂုတ်၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင်  မိုးရွာသွန်းမှုများကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း တိုင်းထွာချက်အရ မိုးရေချိန် ၀.၁၆ လက်မရှိခဲ့ပြီး မြစ်သာမြစ်ရေ(ပြင်သာ)သည် ယနေ့နံနက် (၆) နာရီခွဲ တိုင်းထွာချက်အရ (+၂၉) စင်တီမီတာ (၁)ပေခန့်မြင့်တက်ခဲ့ကြောင်း ကလေးမြို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။

၂၀၂၀ ခုနှစ်တွင်ဩဂုတ်လ (၂၈)ရက်အထိ စုစုပေါင်း မိုးရေချိန်မှာ(၃၂.၀၁)လက်မ ရှိခဲ့ပြီး ယနေ့အထိ စုစုပေါင်းမိုးရေချိန် (၃၁.၄၆) လက်မ ရှိခဲ့သည်။ မြစ်သောမြစ် (ပြင်သာ) ၏ စိုးရိမ်ရေ အမှတ်သည် (၁၁၀၀) စင်တီမီတာဖြစ်ပြီး ယနေ့နံနက်တိုင်းတာချက်အရ မြစ်သာမြစ်ရေသည် (၄၇၂) စင်တီမီတာတွင်ရှိသောကြောင့် စိုးရိမ်ရေအမှတ်အောက် (၆၇၈) စင်တီမီတာ (၂၀.၆ပေ) တွင်တည်ရှိနေကြောင်း သိရသည်။

မောင်ကျော် (ပြန်/ဆက်)