သတင်းများ

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ Mobile Tesk kitစစ်ဆေးယာဉ်ဖြင့် စစ်ဆေးပေး
Aug 28,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးအပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အ တွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Mobile Tesk Kit စစ်ဆေးယာဉ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ပြည်သူ များအားအခမဲ့စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ ချောင်းနက်အုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အား Mobile Tesk Kit စစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာအုပ်စုရုံးရှေ့တွင်အခမဲ့ စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေအမှတ် ၂၀၇၀ စင်တီမီတာသို့‌ ရောက်ရှိ၊ စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၈၀ စင်တီမီတာလို
Aug 28,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်‌ရေသည် ရေအမှတ် ၂၀၇၀ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၈၀ စင်တီမီတာသာ လိုတော့ကြောင်း ပခုက္ကူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ရေကြီးရေလျှံမှု ဖြစ်ပွားသည့် ကျေးရွာများသို့ ထောက်ပံ့ငွေများပေးအပ်
Aug 28,2021
 မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ရေကြီးရေလျှံခြင်းများ ဖြစ်ပွား နေသည့်အတွက် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှု ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က ရေကြီး ရေလျှံခြင်းများ ဖြစ်ပွားနေသော ကျေးရွာများသို့ သွားရောက်၍ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးခဲ့ကြသည်။
ရေနံချောင်းမြို့နယ်၌ လူဦးရေသုံးသောင်းစာအတွက် ကိုယ်ခံအားတိုးမြှင့်ပေးသည့် Vitamin D3 ဆေးရည်များလှူဒါန်း
Aug 28,2021
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့မှ ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါခံစားနေရသူ များနှင့် အခြားထိတွေ့ဆက်စပ်သူများအား တိုက်ကျွေးရန်အတွက် ကိုယ်ခံအားတိုးမြှင့် ပေးသော Vitamin D3 ဆေးရည်များကို ယမန်နေ့ ညနေ ၄ နာရီက ရေနံချောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 28,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းဆတ် ခရိုင်၊ မိုင်းခုတ်မြို့ တိုက်နယ်ဆေးရုံအတွက် ထောက်ပံ့ငွေ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သီ‌ပေါမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့တော်ခန်းမဆေးထိုးစုရပ် နေရာအပါအဝင် စုရပ်(၄)နေရာတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပန်လုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းဆောင်ရွက်
Aug 28,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့  အင်အားဆိုင်ရာ မြို့ဦးစီးရုံးမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဩဂုတ်လ ၂၅ ရက်နေ့မှစ၍  ပန်းခင်းစီမံချက်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရပ်/ကျေး စာရေးများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် ပူးပေါင်းကာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုခွဲ၍ကွင်းဆင်းစာရင်းကောက်ယူ ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်တန်းမြို့နယ်ရှိ ပုဂ္ဂလိကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အောက်ဆီဂျင်စက်ရုံတို့ကိုကြည့်ရှု
Aug 28,2021
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်းမြို့နယ် မိုးစပါး စိုက်ခင်း၊ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ မြို့နယ်ပြည်သူ့ဆေးရုံရှိအောက်ဆီဂျင်စက်၊ ပုဂ္ဂလိက ဂဏန်း ၊ ပုဇွန်မွေး မြူရေးလုပ်ငန်းများ ၊ အောက်ဆီဂျင်စက်ရုံများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။