သတင်းများ

သန်လျင်၌ အောက်ဆီဂျင်စက်ထားရှိရေး အဆောက်အဦ တည်ဆောက်သွားမည်
Aug 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းမှ အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အလှူရှင် ဦးစိန်လွင် (ဇနီး) ဒေါ်ဖြူဖြူခိုင် (ရတနာရှင်းသန့်ကုမ္ပဏီ)မိသားစုမှ "PSA,Oxygen Plant စက် ၁ လုံးနှင့် စလင်ဒါ ၄၀ လီတာ အလုံး ၅၀ တို့အား မြို့နယ်နာရေးကူညီမှုအသင်း Oxygen Plant ဖြစ်မြောက်ရေးကော်မတီထံသို့ လွဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း ယမန်နေ့ နံနက်ပိုင်းက အဆိုပါ အသင်းရုံးမှ သိရသည်။
ရန်ကင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ သီသီလတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ရန်ကင်းမြို့နယ် အမှတ်(၁၄)ရပ်ကွက် မိုးကောင်း ဘုရားစေတီဝင်းအတွင်းရှိ အရိယာဓမ္မာရုံ၌ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန် ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဆန်နှင့်ကြက်ဥများ ရောင်းချပေးလျက်ရှိ
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန် ဆန်နှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီအချိန်တွင်၍ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆန်စပါး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ လေးမျက်နှာ လမ်းဆုံ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့မစျေး၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်အခမဲ့ စစ်ဆေးဆောင်ရွက်ပေး
Aug 29,2021
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိစည်ပင်သာယာမြို့မစျေး၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၇)နာရီ ကငွေဆောင်မြို့မစျေးတွင် ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ကျေးရွာများအရောက်သွားရောက်ပြီး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်းများ ဆောင်ရွက်ပေး
Aug 29,2021
မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ရောဂါကူးစက်ပျံ့ပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များနှင့် Volunteer အဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က သဲကျွန်းကျေးရွာသို့သွားရောက်ပြီး မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် ဒေသခံကျေးလက်နေပြည်သူများကို အခမဲ့ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရိုးမရိပ်သာ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေး
Aug 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ ညနေပိုင်းက ရိုးမရိပ်သာ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာအတွက် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာမှုနှင့် အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် ပြင်ဆင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့ တာချီလိတ်မြို့ရှိ လူမှုကူညီရေးပရဟိတအဖွဲ့များသို့ ဆန်နှင့် အ​ခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 29,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိပြီး ကိုဗစ် (၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသည့် လူမှုကူညီရေး ပရဟိတအဖွဲ့များသို့ ဆန်နှင့်အ​ခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Aug 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ် ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်သည့် တိုင်းရင်းသားများနှင့်ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် ပြည်သူများအား ၂၀၂၁ခုနှစ်၊ မေလ(၅)ရက်မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၃)ရက်အထိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” လက်ကမ်းစာစောင်များကို   တောင်တွင်းကြီးမြို့၊ မြို့လယ်လေးလမ်းဆုံတွင် သွားလာကြသည့် ပြည်သူများအား ယနေ့နံနက်(၈)နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။