သတင်းများ

ကျောင်းကုန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ‌ရေး ဆောင်ရွက်
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့ထိပ်ရှိ ဗိုလ်ချုပ်ပန်းခြံနှင့် လမ်းဘေးဝဲယာတလျောက် သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို အထက -၁၊ အထက -၃၊ ရုံးဒေါင့်ကျေးရွာ စုရပ်(၃)နေရာခွဲ၍ ဒုတိယအကြိမ်အဖြစ် အသက်(၆၅) နှစ်အထက် အဘိုးအဘွားများအား ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အမာမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် စတင်ထိုးနှံပေး
Aug 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  အမာမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှု ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေး
Aug 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု  မရှိစေရန်နှင့် ဆေးဝါးများကို သာမန်ဈေးနှုန်းထက် ပိုမို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေမှု ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့ နံနက်(၇)နာရီအချိန်က တာဝန်ရှိသူများက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၃၇စင်တီမီတာသာလို
Aug 28,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၈၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၃၇ စင်တီမီတာလိုတော့ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
ဘီးလင်းမြို့နယ်၌အသက် ၆၅နှစ် နှင့်အထက်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram)ထိုးနှံပေး
Aug 28,2021
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophram)ကို ယမန်နေ့ မှစတင်ကာ ဆေးထိုးစုရပ် ၅ နေရာထားရှိ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် ဆန်တစ်ပြည် (၁၀၀၀)ကျပ်နှုန်းရောင်းချပေး
Aug 28,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန်အတွက်  မိုဘိုင်းကားဖြင့်ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်၍ အခြေခံစားကုန် ဆန်တစ်ပြည်လျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် စားသောက်ကုန် ပြတ်လပ်မှု မရှိစေရေး အစည်းအဝေးကျင်းပ
Aug 28,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၁နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌနှင့် စီမံကော်မတီအဖွဲ့ဝင်များ၊ ကိုကိုးကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးနှင့် စားသောက်ကုန်ပြတ်လပ်မှုများ မဖြစ်ပေါ်စေရေး တို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။