ရမည်းသင်း ဩဂုတ် ၂၈
မန္တလေးမြိုတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရမည်းသင်မြို့ သီလဝခန်းမရှိ ဆေးထိုးစုရပ်နေရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်(Sinopharm )ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်ဦးဆောင်၍သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး ရမည်းသင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်ဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရာချပေးခြင်း၊ စနစ်တကျစာရင်းရေးသွင်းခြင်း ပူးပေါင်းဆောင်နေမှုကို ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ဦးစာပေအစီအစဉ်အလိုက်ရပ်ကွက်/ကျေးရွာများမှ အသက်(၆၅)နှစ်အထက်နှင့် သက်ကြီးရွယ်အိုများ၊ဘုန်းနော်ကြီးများ၊သီလရှင်ဆရာလေးများ၊ကျန်းမာရေးဝန်ထမ်းများ၊စေတနာ့ဝန်ထမ်းများ၊ယာဉ်မောင်းယာဉ်နောက်လိုက်များ၊ ဆေးဝါးနှင့်စားသောက်ကုန်ရောင်းချသည့် ဈေးသည် များ စုစုပေါင်း(၉၅၉၀)ဦးကိုပထမအကြိမ်ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည် ။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)